ချင်းပြည်နယ်ဥပဒေချုပ်က ဟားခါးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟားခါး၊ မေ ၁၁

   (၁၁.၅.၂၀၁၈) ရက်နေ့ (၁၀:၀၀) အချိန်တွင် ဟားခါးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် ဥပဒေချုပ်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၃၂)ဦး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုစာရေး(၃၂)ဦးနှင့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်တို့အား ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့် သော ဥပဒေရုံးတို့၏လုပ်ငန်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအကြောင်း ဆွေးနွေး ပို့ချခဲ့ကြောင်း သိရပါသည်။

(သတင်းစဉ်)