ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာစစ်ဘေးရှောင် မိသားစုများအတွက် နေအိမ်ဆောက်အဦနှင့် စစ်ဘေးရှောင် အိမ်ရာလမ်းပြုပြင်ဆောင်လုပ်နေမှုအား ကြည့်ရှုစစ်‌ဆေး

မကွေး၊ နိုဝင်ဘာလ ၁၉ ရက်

၁၉-၁၁-၂၀၂၄ ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာစစ်ဘေးရှောင် မိသားစုများအတွက် နေအိမ်ဆောက်အဦနှင့် စစ်ဘေးရှောင် အိမ်ရာလမ်းပြုပြင်ဆောင်လုပ်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက် ပိုင်းလေတပ်ကွပ်ကဲရေးဌာန ချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)