မော်လမြိုင်၊ နိုဝင်ဘာ ၁၀ ရက်

၁၀-၁၁-၂၀၂၃ ရက်နေ့ ၁၀:၀၀ အချိန် မော်လမြိုင်မြို့၊ ပြည်နယ်ခန့်မ၌ ကျင်းပပြုလုပ်သော ပြည်နယ်ဂုဏ်ဆောင် မွန်ပြည်နယ်ကိုယ်စားပြု (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခဲ့သော အသင်းသူ/အသင်း သားများနှင့် အုပ်ချုပ်သူ အဖွဲ့သူ၊ အဖွဲ့သားများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
