မော်လမြိုင်၊ နိုဝင်ဘာ ၂၂ ရက်

၂၂-၁၁-၂၀၂၃ ရက်နေ့ ၁၄:၀၀ အချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သော မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ဖြင့် ပြောင်းစေ့အိတ်များ တရားမဝင် သယ်ဆောင်ခဲ့မှုအား တာဆီး၊ စစ်ဆေးအရေးယူ ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက်ခဲ့ကြသည့် မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်း (၆၅)ဦးအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
