မုံရွာ၊ ဇွန်လ ၁၀ ရက်

၁၀-၆-၂၀၂၄ ရက်နေ့ ၊ နံနက် (၉:၃၀)အချိန် ၊ မုံရွာမြို့ ၊ (၅)ထပ်ဆောင်ခန်းမ ၊ သူနာပြု နှင့်သားဖွား သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၃၀)ကြိမ်မြောက် သူနာပြု ၊ သားဖွား ဒီပလိုမာ (၃)နှစ် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲ အခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
