ဘားအံ၊ ဧပြီလ ၁ ရက်

၁.၄.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် မြန်မာ နိုင်ငံအတွင်း အင်အားအလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
