“ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ”

နေပြည်တော်၊ မတ် ၂၀ ရက်

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာနယ်ပယ် (၁)အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀: ၀၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဒေါက်တာထိန်လင်းဦး တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊  ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၁၉-၂၀၂၃) ကုန်ဆုံးပြီးဖြစ်သဖြင့် အမျိုးသားအဆင့် မဟာဗျူဟာအသစ် (၂၀၂၄-၂၀၂၈)အား ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာအသစ် (၂၀၂၄-၂၀၂၈)တွင် မဟာဗျူဟာ နယ်ပယ်(၅)ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မဟာဗျူဟာ နယ်ပယ်(၁)တွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မဟာဗျူဟာရည်မှန်းချက် ၇ ချက်နှင့် မဟာ ဗျူဟာအစီအစဉ် ၂၉ ချက် ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ရမည့် မဟာဗျူဟာ အစီအစဉ်(၁၀)ချက်ရှိပြီး တက် ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသည့် အချိန်ဇယား အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၁)အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကြည်ကြည်သန်းအောင်က ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၁) နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်းများအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နယ်ပယ်(၁)နှင့် စပ်လျဉ်း၍ ဌာနအဖွဲ့အစည်းအလိုက် အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

 

(သတင်းစဉ်)