ဘားအံ၊ ဖေဖော်ဝါရီ ၂၅

(၂၅.၂.၂၀၁၉) ရက်နေ့ နံနက်(၁:၃၀)အချိန် BAJ စက်မှုလက်မှုသင်တန်းကျောင်း၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် ဘားအံခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်းမှ ပါဝင်ဟောပြောခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ BAJ မှ တာဝန်ရှိသူများ၊ သင်တန်းသားများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
