စည်ပင်သာယာရေးဥပဒေများ စိစစ်မှုဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စည်ပင်သာယာရေးဥပဒေများ စိစစ်မှုဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နေ့လယ် (၁) နာရီတွင် နေပြည်တော်ရှိ ဥပဒေ ရေးရာဝန်ကြီးဌာန အပေါ်ထပ်အစည်းအဝေးခန်းမ၌ Hybird  စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသီတာစန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ မွန်နှင့် ရှမ်းတို့မှ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များမှ Online ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စည်ပင်သာယာရေးဥပဒေများပါ ပြဋ္ဌာန်းချက်များ တစ်ပြေးညီဖြစ်စေရေးအတွက် ပြင်ဆင်ရန်လိုအပ်သည့် အချက်များ၊ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး အတွက် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

     (သတင်းစဉ်)