စတုတ္ထအကြိမ် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်ဥပဒေအရာရှိနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းတို့ တက်ရောက်

မြစ်ကြီးနား၊ မေလ ၁၂ ရက်

(၁၂.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ လောကမာန်အောင် ဆုတောင်းပြည့်စေတီ၊ အောင်ခြင်းရှစ်ပါးဓမ္မာရုံတွင် စတုတ္ထအကြိမ် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)