စာရေးခုံနိမ့်ရှည်များ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာ ၁၈ ရက်

၁၈.၁၀.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော အခြေခံပညာကျောင်းများသို့ စာရေးခုံနိမ့်ရှည်များ ပေးအပ်ပွဲ အခမ်းအနား သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)