စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး

မော်လမြိုင်၊ နိုဝင်ဘာ ၄ ရက်

၄-၁၁-၂၀၂၃ ရက်နေ့ ၀၇:၀၀ အချိန် မော်လမြိုင်မြို့၊ အ-ထ-က ၃ ကျောင်း၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူ များက စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)