မုံရွာ၊ ဇူလိုင် ၁ ရက်

၁-၇-၂၀၂၄ ရက်နေ့ ၊ နံနက်ပိုင်းအချိန် ၊ မုံရွာမြို့ ၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ၃-၇-၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
