ဆီစက်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ ဖေဖော်ဝါရီလ ၁၂ ရက်

၁၂.၂.၂၀၂၃ ရက်နေ့ ၁၀:၀၀ အချိန် ဘားအံမြို့နယ်၊ ဘားအံ – လှိုင်းဘွဲကားလမ်းမကြီး ဘေး၊      ” စမ်းပွင့်ဆီစက် ” ဘားအံစက်မှုဇုန်(၃)၊ အကွက်(၃၆)တွင် ကျင်းပပြုလုပ်သည့်  သမဝါယမ အသင်းသား ဦးမြင့်ဦး၏ ” စမ်းပွင့်ဆီစက်ဖွင့်ပွဲအခမ်းအနား” သို့ ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆီစက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)