ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ပွဲအခမ်းအနားတက်ရောက်

မုံရွာ၊ အောက်တိုဘာလ ၂၉ ရက်

၂၉-၁၀-၂၀၂၃ ရက် ၊ သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့ ၊ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး ၊ ဝန်ကြီးများနှင့်ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)