ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်

ဘားအံ၊ ဇန်နဝါရီ ၁ ရက်

၁.၁.၂၀၂၂ ရက်နေ့ နံနက် ၆:၃၀ အချိန် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်သည် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)