ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ နိုဝင်ဘ ၁၀ ရက်

၁၀.၁၁.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၈:၀၀ နာရီအချိန် ဒုံးအကစင်မြင့်၊ သီရိကွင်း၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်သော  ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)