နေပြည်တော်၊ ဒီဇင်ဘာလ ၃၀ ရက်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတက္ကသိုလ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ဖွင့်လှစ်မည့် Master of Advanced Studies in European and International Governance (MEIG) ပညာသင်ဆု အား အရည်အချင်းပြည့်မှီသည့် ဝန်ထားများ လျှောက်ထားနိုင်ပါကြောင်း၊
လျှောက်ထားလိုသူများအနေဖြင့်ကျူရှင်စရိတ်နှင့် နေထိုင်စရိတ် အပြည့်အဝကျခံပေးမည့် CHF 45,000/- ပညာသင်ဆု ၅ ခုနှင့် နေထိုင်စရိတ်ကိုသာ ကျခံပေးမည့် CHF 20,000/- ပညာသင်ဆု ၅ ခု ကို လျှောက်ထားနိုင်ပါကြောင်း၊ သင်တန်းလျှောက်လွှာကို meig@unige.ch သို့ ၃၁.၁၂.၂၀၂၀ ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့ရမည်ဖြစ်ပါကြောင်း နှင့် ပညာသင်ဆုဆိုင်ရာအချက်အလက်များကို အောက်ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
