ဆွမ်းဆန်းစိမ်းလောင်းလှူ

မော်လမြိုင်၊ ဒီဇင်ဘာလ ၂၉ ရက်

၂၉-၁၂-၂၀၂၃ ရက်နေ့ ၁၅:၀၀ အချိန် မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ပင့်သံဃာ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ သီလရှင် စုစုပေါင်း(၉၃၅)ပါးတို့အား မော်လမြိုင်ခရိုင်ဥပဒေအရာရှိနှင့် ဒုခရိုင်ဥပဒေအရာရှိများ၊ မော်လမြိုင်မြို့နယ်ဥပဒေအရာရှိနှင့် ဒုမြို့နယ်ဥပဒေအရာရှိများ၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ အမှုထမ်းများနှင့်အတူ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က ဆွမ်းဆန်းစိမ်းလောင်းလှူခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)