ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားတက်ရောက်

မုံရွာ၊ ဧပြီ ၁၇ ရက်

၁၇-၄-၂၀၂၄ ရက် ၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ၊ နံနက် (၈)နာရီအချိန် မုံရွာမြို့ ၊ အရှေ့ဘက်ကန်သာယာ ရာပြည့်ကပ်ကျော်ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)