ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား၊ သက်ကြီးပူဇော်ပွဲအခမ်းအနား၊ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်း အနားနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ ဧပြီ ၁၇ ရက်

(၁၇.၄.၂၀၂၅)ရက်နေ့  နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဧရာဝတီ ရှုခင်းသာတွင် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့  ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နံနက်(၁၀၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမတွင် အန္တရာယ် ကင်းပရိတ်တရားတော်နာ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း၊ နေ့လယ်(၁၃၀၀)အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး တွင်အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်/ခရိုင်/မြို့နယ်ဥပဒေရုံးများမှ အရာရှိများ၊ အမှုထမ်းများ  တက်ရောက် ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)