ဘားအံ၊ ဇွန် ၂၀ ရက်


၂၀.၆.၂၀၂၂ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင် သည် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး စည်းဝေးခန်းမ၌ ပြုလုပ်သည့် ကရင်ပြည်နယ်အတွင်းရှိ ဥပဒေအရာထမ်း၊ ဝန်ထမ်းသားသမီးများ၏ ၂၀၂၁ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ နှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက် ဆုချီးမြှင့်ပေးအပ်ခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၊ ဘားအံခရိုင် နှင့် ဘားအံမြို့နယ်ဥပဒေ ရုံးများမှ ဥပဒေအရာရှိများ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
