တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခမ်းမ၌ စာတမ်းဖတ်ပွဲအခမ်းအနားနှင့် နှစ်သစ်လက်ဆောင်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ထားဝယ်၊ ဇန်နဝါရီ ၁၄ ရက်

၁၄.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခမ်းမ၌ စာတမ်းဖတ်ပွဲအခမ်းအနားနှင့် နှစ်သစ်လက်ဆောင်ပေးအပ်ခြင်းအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ထားဝယ်ခရိုင်ဥပဒေရုံးမှ ဥပဒေအရာရှိများနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အမှုထမ်းများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ်က အဖွင့်မှာ စကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိက နှစ်သစ်နှုတ်ဆက်စကား ပြောကြားပါသည်။ ထို့နောက် ဥပဒေစာတမ်းဖတ်ပွဲ အခမ်းအနားတွင် ဦးစီးအရာရှိများဖြစ်သော ဒေါ်မေဖြိုးကျော်၊ ဦးရဲကိုကို၊ ဦးထက်ရှိုင်းအောင် တို့က အသီးသီးစာတမ်း ဖတ်ကြားခဲ့ရာ အကောင်းဆုံးစာတမ်းဆုရရှိသူ ဦးရဲကိုကိုအား တိုင်းဒေသကြီးဥပဒေချုပ်က ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးဥပဒေချုပ်က အရာထမ်း၊ အမှုထမ်းများအား ဗလာမပါကံစမ်းမဲ ဖောက်၍ နှစ်သစ်ကူးလက်ဆောင်များပေးအပ်ခဲ့ပြီး အခမ်းအနားအား (၁၃:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

(သတင်းစဉ်)