မြစ်ကြီးနား၊ အောက်တိုဘာလ ၃ ရက်

(၃.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၀၁၀၀) အချိန်တွင် မလိခခန်းမ၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် တရားရေးအရာရှိများ၊ ဥပဒေအရာရှိများနှင့် တွေ့ဆုံသည့် အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ ဝင်များ၊ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရားရေးအရာရှိများနှင့် ဥပဒေအရာရှိတို့တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
