တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်း ပြည်နယ်ခွဲ ပြည်သူ့အစိုးရက သဘာဝဘေးသင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား၊ မေလ ၂၁ ရက်

(၂၁.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊  ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်း ပြည်နယ်ခွဲ ပြည်သူ့အစိုးရက သဘာဝဘေးသင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)