မကွေး၊ နိုဝင်ဘာ ၅ ရက်

၅-၁၁-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး (မကွေး) သင်တန်းခန်းမ၌ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီးကုသရေးဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်(၃)(ဓာတ်မှန်) (၆)လသင်တန်း သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံ ကြီးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာန မှ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
