တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး ကုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံကြီး၌ ကျင်းပ

ပဲခူး၊ ဖေဖော်ဝါရီ ၆ ရက်

၆−၂−၂၀၂၅ ရက်နေ့ ၁၄:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၏လမ်းညွှန်ချက်၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဖိတ်ကြားချက်အရ အဆိုပါဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး ကုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံကြီး၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ပြုစု ထုတ်ဝေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် အခြားဥပဒေ များမှ သိမှတ်ဖွယ်ရာစာအုပ်များအား ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနသို့ လှူဒါန်း ခဲ့ကြောင်း၊ ထို့နောက် လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးကိုနှင့် ဒေါ်သိန်းသန်းဝင်းပိုင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေများမှ ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း(၆၄)ဦး တက်ရောက် ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)