ဘားအံ၊ မတ်လ ၁၅ ရက်

၁၅.၃.၂၀၂၃ ရက်နေ့ ၀၈:၀၀ အချိန် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာ ” တောင်ဝိုင်း မင်္ဂလာဈေး ” ဖွင့်ပွဲအခမ်းအနားသို့ လည်းကောင်း၊ ၀၉:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ” ကမ္ဘာစားသုံးသူ အခွင့်အရေးများနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားသို့ လည်း ကောင်း ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
