ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ ဖေဖော်ဝါရီလ ၁၅ ရက်

၁၅.၂.၂၀၂၂ ရက်နေ့ မွန်းလွဲ၃:၀၀နာရီအချိန်တွင် ဘားအံမြို့ သီရိကွင်းတွင် ကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ်၊ တပို့တွဲလပြည်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘားအံမြို့ပေါ် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု “ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)