ကချင်၊ ဒီဇင်ဘာလ ၂ ရက်

၂.၁၂.၂၀၂၃ ရက်နေ့ နံနက်၅:၀၀ အချိန် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဌာနပေါင်းစုံဝန်ထမ်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်၍ လမ်းလျှောက်ပြီး ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
