နေပြည်တော်၊ သြဂုတ် ၇

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် သည် အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif အား ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင်ဆောင်ရွက်ရသည့်အခန်းကဏ္ဍ၊ အဂတိလိုက်စားမှုဆိုင်ရာမှုခင်းများကို တရားစွဲဆိုရာတွင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံဖြတ်ကျော် ကျူးလွန်သည့် အဂတိလိုက်စားမှုဆိုင်ရာ မှုခင်းများကို စုံစမ်းစစ်ဆေး အရေးယူရာတွင် နှစ်နိုင်ငံအဖွဲ့အစည်းများအကြား အပြန်အလှန် အထောက်အကူပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ဆောင်ရွက်မှုများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးမင်းဆွေနှင့် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
