နေပြည်တော်၊ ဇူလိုင် ၃၁ ရက်

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalalage Thanuja Dayadari Navartne နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဥပဒေပြုရေး အခန်းကဏ္ဍတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်ရသည့် လုပ်ငန်းအခြေအနေများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း(၂၀၂၀-၂၀၂၄) မူကြမ်းပါ ရည်မှန်းချက် ပန်းတိုင် ၆ ရပ် နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်း များတွင် ကော်မရှင်နှင့်ပူးပေါင်း ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
