မော်လမြိုင်၊ ဒီဇင်ဘာလ ၉ ရက်

၉-၁၂-၂၀၁၃ ရက်နေ့ ၀၆:၀၀ အချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ စတင်ပြီး ဗဟိုလမ်း တစ်လျှောက်၊ ကမ်းနားလမ်းတစ်လျှောက်နှင့် မြစ်ကမ်းသာရေပေါ်အားကစားကွင်းအထိ ဒုတိယ အကြိမ် ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အများပြည်သူများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
