မုံရွာ၊ ဒီဇင်ဘာလ ၅ ရက်

၅-၁၂-၂၀၂၄ ရက်နေ့ ၊ နံနက်(၉)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၄) သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
