ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင်၊ နိုဝင်ဘာ ၉ ရက်

၉-၁၁-၂၀၂၃ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်ခန်းမ)၌ ကျင်းပပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းနှင့် ဘေးဒဏ်သင့်ပြည်သူ များအတွက် စီးပွားရေးလုပ်ငန်းများ ပြည်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း တို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)