နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်း သား၊ ကျောင်းသူများ၏ The Project Show and Competition 2024  ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားသို့  တက်ရောက်

ဘားအံ့၊ နိုဝင်ဘာလ ၁ ရက်

၁.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင် နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏ The Project Show and Competition 2024  ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားသို့  ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)