ဘားအံ၊ ဇွန် ၁၉ ရက်

(၁၉.၆.၂၀၂၀)ရက်နေ့ နံနက်(၆:၀၀)နာရီအချိန်၊ စံဖရီးကျေးရွာအုပ်စု၊ စံဖရီး-တောင်ဝိုင်းလမ်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(၇၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်/ ခရိုင်/မြို့နယ် ဥပဒေရုံးမှ ဉပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ တက်ရောက်စိုက်ပျိုးခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်စိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
