နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ  ထုတ်ချေးထားမှုနှင့် အသေးစား ၊ အငယ်စား ၊ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့ တက်ရောက်

မုံရွာ၊ ဒီဇင်ဘာလ ၁၇ ရက်

၁၇-၁၂-၂၀၂၄ ရက်နေ့ ၊ နံနက်(၉)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ  ထုတ်ချေးထားမှုနှင့် အသေးစား ၊ အငယ်စား ၊ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)