နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်() သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၆

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီး ဌာန၊  ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန၊ ဥပဒေအသိပညာပြန့်ပွာရေးသင်တန်းကျောင်း (Legal Advocacy Center) MOLA Lecture Hall သင်တန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး က ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများကို လမ်းညွှန်ချက်အရ နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများအတွက် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ အမှတ်စဉ် ၆ အထိ ရှိပြီဖြစ် ကြောင်း၊ ယခု သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် စုစုပေါင်းသင်တန်းသား (၂၇) ဦး တက်ရောက်ခဲ့ကြကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများကို အမှတ်စဉ် ၆ အထိ အောင်မြင်စွာတက်ရောက်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းအကြီးအမှူးများမှာ (၁၇၈) ဦးရှိပြီဖြစ်ပြီး ဥပဒေအသိပညာများမျှဝေပေးနိုင်ခဲ့ ကြောင်း၊  ဝန်ကြီးဌာနများနှင့် ပြည် ထောင်စုအဆင့်အဖွဲ့အစည်းများမှ ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများကိုလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ဆက်လက်မျှဝေပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဥပဒေဆိုင်ရာ အတွေ့အကြုံကြွယ်ဝသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ကြီးများ၊ ဌာနအကြီးအမှူးများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အရာရှိကြီးများက စာတွေ့၊ လက်တွေ့ပေါင်းစပ်ပို့ချပေးခဲ့ကြသဖြင့် အလွန်ပင်အကျိုးရှိသော သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှမျှဝေပေးခဲ့သည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန ၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 သတင်းစဉ်