နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ် များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၂၇ ရက်

၂၇-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် နှစ်(၈၀)ပြည့် တပ်မတော် နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ် များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပ‌ဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)