မော်လမြိုင်၊ နိုဝင်ဘာလ ၁၇ ရက်

၁၇-၁၁-၂၀၂၄ ရက်နေ့ ၁၅:၃၀ အချိန် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြု လုပ်သော ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် ၂၁ နှစ်အောက် မွန်ပြည်နယ်အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ်အမျိုးသားဘောလုံး အသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲအား မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်မှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
