မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၃ ရက်

(၂၃.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၅၀၀)အချိန် မိုးလုံလေလုံအားကစားခန်းမတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
