ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၂၄

(၂၄.၁.၂၀၁၉) ရက်နေ့ နေ့လည်(၁:၀၀)အချိန် ခလယ်တံခွန်တိုင် အ.ထ.ကကျောင်း၌ ပတ်ဝန်းကျင် ကျေးလက်ဒေသ စိမ်းလန်းစိုပြေရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနား တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်မှ ပါဝင်ဟောပြော ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား /ကျောင်းသူများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
