ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်

ဘားအံ၊ မေ ၈ ရက်နေ့

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ လှိုင်းဘွဲ မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ နှင့်တွေ့ဆုံကာ ရပ်ကွက်ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

 (သတင်းစဉ်)