ပဲခူး၊ နိုဝင်ဘာလ ၁၉ ရက်

၁၉−၁၁−၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်မှ ဥပဒေအရာရှိများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ ၁၉−၁၁−၂၀၂၄ ရက်နေ့မှ ၂၉−၁၁−၂၀၂၄ ရက်နေ့အထိဖြစ်ပြီး အဆိုပါ သင်တန်းသို့ ဆရာ၊ ဆရာမ(၁၆၇)ဦး တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
