ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၏လမ်းညွှန်ချက်၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ အဆိုပါ ဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ပဲခူး၊ ဇန်နဝါရီလ ၃၁ ရက်

၃၁−၁−၂၀၂၅ ရက်နေ့ ၁၃:၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၏လမ်းညွှန်ချက်၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ အဆိုပါ ဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ပြုစုထုတ်ဝေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် အခြား ဥပဒေများမှ သိမှတ်ဖွယ်ရာစာအုပ်များအား ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်ဥမ္မာလွင်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများမှ ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း(၃၅)ဦးနှင့် Zoom Meeting ဖြင့် တိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၃၂၃)ဦး စုစုပေါင်း(၃၅၈)ဦး  တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)