ကချင်၊ ဒီဇင်ဘာလ ၁၂ ရက်

၁၂.၁၂.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀အချိန် မြစ်ကြီးနားမြို့၊ အ.ထ.က(၂)ကျောင်းရှိ နိုင်ငံ့ရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ( Clean and Green Schools) အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
