ဘားအံ၊ မေ ၅ ရက်


(၂၅.၅.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဉပဒေအရာရှိများ၏ ဆဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံများနှင့် လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်နှင့်တကွ ခရိုင်/မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ ပါသည်။
(သတင်းစဉ်)
