ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော်၊  ဇူလိုင် ၉

          ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်းကျင်၌  ကျင်းပခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင်၊ အာဆီယံသပြေပင်နှင့် ရွက်လှပင်များကို သတ်မှတ် နေရာများတွင် စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် အရာထမ်း၊ အမှုထမ်းများက သရက်၊ ပိန္နဲ၊ မာလကာ၊ ရှောက်၊ သံပုရာ၊ မရမ်း၊ ဂွေးချိုပင် စသည့် သီးပင်စားပင်များကို စုပေါင်း စိုက်ပျိုးကြရာ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်နှင့်အဖွဲ့သည် ရုံးရှေ့ လျှိုပိတ်ဆည်အတွင်းသို့ ငါးကြင်းနှင့် ငါးခုံးမ သားပေါက် ကောင်ရေ ၆၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ပါသည်။

                                                                                                              (သတင်းစဉ်)