ပြည်ထောင်စုရှေ့နေချုပ်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အခြေစိုက် Hague Conference on Private International Law (HCCH) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးခွဲမှ အတွင်းရေးမှူးချုပ် ဖြစ်သူ Dr. Christophe Bernasconi အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  စက်တင်ဘာ  ၁၂

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဟောင်ကောင်အထူး အုပ်ချုပ်ရေး ဒေသအခြေစိုက် Hague Conference on Private International Law(HCCH)၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာရုံးခွဲမှ အတွင်းရေးမှူးချုပ် ဖြစ်သူ Dr. Christophe Bernasconi နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထောက်အကူ ပြုမည်ဖြစ်သော ပုဂ္ဂလိက အပြည်ပြည်ဆိုင်ရာဥပဒေ(Private International Law) နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာတရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ တရားစွဲဆိုခြင်းတို့နှင့် စပ် လျဉ်းသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် HCCH နှင့် ပြည်ထောင် စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ HCCH သဘောတူစာချုပ် များသို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် စပ်လျဉ်းသည့် သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်တို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                   (သတင်းစဉ်)